(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲဆုပေးပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်တက်ရောက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ စိုက်ပျိုးရေးတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

တွံတေးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့်အမျိုးသား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုငိးဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အထက်တန်းအဆင့် အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီက တွံတေးမြို့နယ် ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မုဒုံမြို့နယ်တွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် ၂/၂၀၂၃ ဖွင့်လှစ်ပို့ချ

မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကျောင်းကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၃ ကို အ.ထ.က ခွဲ ဗိုလ်တေဇကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ပြည်မူလတန်းကြိုကျောင်း၌  “၂၀၂၃ ခုနှစ် မြန်မာနိုင်ငံကလေးများနေ့အကြို” လှုပ်ရှားမှုပြိုင်ပွဲများတွင်ပါဝင်သော ကလေးငယ်များအား ဆုလက်ဆောင်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး၏ကြီးကြပ်မှုဖြင့် ပြည်မူလတန်းကြိုကျောင်း၌ ယမန်နေ့ကကျင်းပခဲ့သည့် “၂၀၂၃ခုနှစ် မြန်မာနိုင်ငံကလေးများနေ့အကြို” လှုပ်ရှားမှု ကာယ/ဉာဏစွမ်းရည်ပြိုင်ပွဲများတွင်ပါဝင်သော ကလေးငယ်များအား ဆုလက်ဆောင်ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပသည်။

လူငယ်စကားဝိုင်း လောက်ကိုင်မြို့၌ ကျင်းပ

ကျောင်းသားလူငယ်များအား အသိပညာ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထား တတ်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်လာစေရန်၊ ကျောင်းသားလူငယ်အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်တတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့ ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဉာဏ်ပွင့်ကိုယ်ပိုင် အထက်တန်း‌ကျောင်းတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်နှင့် ပြည့်စုံရေး၊ လူအများရှေ့တွင် ပြောရဲဆိုသည့် သတ္တိရှိစေရန်နှင့် လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလဲ ၂ နာရီက  ဉာဏ်ပွင့်ကိုယ်ပိုင်အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရိုးရာခြင်းလေးပေါက်တန်း အမှတ်ပေးပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပ

တောင်သာမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရိုးရာခြင်းလေးပေါက်တန်း အမှတ်ပေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်ကစ၍ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်၊၊

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို  ယနေ့မွန်းလွဲ(၁)နာရီတွင် အဆိုပါလမ်းသစ်၌ ကျင်းပသည်။ 

မြစ်ကြီးနားမြို့ Community Centre ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့ကျရောက်သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
Subscribe to