မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှ ကလောမြို့နယ်ရှိ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ ယနေ့နနံနက်ပိုင်းက ကလောမြို့နယ်၊ ကမ္ဘားနီကျေးရွာရှိ "ပညာအလင်းရောင်" စာကြည့်တိုက်နှင့် အောင်ပန်းမြို့ရှိ" ရာပြည့်စာကြည့်တိုက် " တို့တွင် စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။