မုဒုံမြို့နယ်တွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် ၂/၂၀၂၃ ဖွင့်လှစ်ပို့ချ

မုဒုံ ဖေဖော်ဝါရီ ၁၂

မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကျောင်းကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၃ ကို အ.ထ.က ခွဲ ဗိုလ်တေဇကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဒုဥက္ကဋ္ဌ ဦးဇော်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်းက သင်တန်းကို ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

အဆိုပါသင်တန်းသို့  ရှေးဦးသူနာပြုစုခြင်းအား စိတ်ပါ၀င်စားသည့် ကျောင်းသား၊ ကျောင်းသူ (၅၇) ဦးတက်ရောက်ခဲ့ကြပြီး  မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုမြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ဆန်းထွန်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ နှစ်ရက်ကြာ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မုဒုံသူ