မြစ်ကြီးနား ဖေဖော်ဝါရီ ၁၂
၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခေါ်ဆိုင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာသည့် သမိုင်းကြောင်း၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေဦးတည်ချက်များ၊ ပြည်ထောင်စုစိတ်ဓာတ်အကြာင်းအရာများ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲသို့ ရောက်ရှိလာသည့် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သမိုင်းဝင်စာအုပ် စာစောင်များနှင့် သုတ/ ရသ စာအုပ် စာစောင်များအား စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)