ဇေယျာသီရိ ဖေဖော်ဝါရီ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်းကျေးရွာ စိုက်ပျိုးရေးတက္ကသိုလ်ရှိ ဘွဲ့နှင်း သဘင်ခန်းမ၌ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမြင့်စိုး၊ ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ မွေးမြူ ရေးဆိုင်ရာဆေးတက္ကသိုလ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်း စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ ပြိုင် ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား/သူများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ အလွတ်တမ်းကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ဝန်ထမ်းများအား ဆုများပေးအပ်ချီးမြှင့် ခဲ့သည်။ ယင်းနောက် ကျောင်းသား/သူများက ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အက ပဒေသာများဖြင့် ဖျော်ဖြေခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကပြဖျော်ဖြေခဲ့သည့် ကျောင်းသား /သူ များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/သူ များနှင့် ကပြဖျော် ဖြေခဲ့သည့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်ခဲ့ကြောင်းသိရသည်။
ထွန်းလင်း(ဇေယျာမြေ)