မင်းတပ်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပန

မင်းတပ်မြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကို ယနေ့ နံနက် (၇) နာရီအချိန်တွင် လွတ်လပ်ရေးကျောက်တိုင် ရှေ့၌ ကျင်းပသည်။

သာယာဝတီမြို့တွင် (၂၀)ကြိမ်မြောက် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ အာစရိယပူဇော်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ)ကျောင်း ဆရာစံခန်းမ၌ ကျောင်းသားကျောင်းသူ(ဟောင်း)များ၏ (၂၀)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် သမိုင်းအကြောင်းအရာများကိုသိရှိပြီး တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအလွတ်တန်းဘော်လီဘော ပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို ဟုမ္မလင်းမြို့ပေါ်၊ ရပ်ကွက်များအား အလွတ်တန်းဘော်လီဘော ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၁) နေ့အထိ ဟုမ္မလင်းမြို့၊ မြို့မအားကစားခန်းမ၌ အသင်း (၁၀) သင်း ဝင်ရောက်ယှဥ်​ပြိုင်ခဲ့ကြောင်း သိရသည်။

ပြည်မူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့အကြို ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ယခုနှစ် ဖေဖော်ဝါရီ (၁၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့အကြို ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို  ပြည်မြို့ အစိုးရမူလတန်းကြိုကျောင်း၌ ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့ကကျင်းပရာ ပြည်ခရိုင်လူမှုဝန်ထမ်းရုံး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြည့်ရှုအားပေးသည်။

ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းပိုင်းမှ ပျက်စီးနေသည့် နေရာများအား ပြန်လည်ပြုပြင်ပေးခဲ့

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းပိုင်းမှ ပျက်စီးနေသည့် လမ်းနေရာများအား ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။

ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အတွင်းရှိ ကလေးငယ်များကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၇ နာရီအချိန်မှစ၍ မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကလေးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကျင်းပ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ လွတ်လပ်ရေးပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကံမမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့ မြို့နယ်အားကစားကွင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီမှ စတင်၍ ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူများ၊ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ပင်လုံမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ(ဖိုင်နယ်)ပွဲစဥ် နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စတင်၍ ပင်လုံမြို့ အားကစားကွင်းတွင် ကျင်းပခဲ့ရာ ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်က ဗိုလ်လုပွဲ (ဖိုင်နယ်)ပွဲစဥ် နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကိုကျင်းပခဲ့ပါသည်။
Subscribe to