(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်း ယာယီရေထိန်းဆည် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေအခမ်းအနားကျင်းပ

(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းယာယီရေထိန်းဆည် လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သာယာအေးကျေးရွာ၊ ဆင်သေချောင်းကမ်း၌ ကျင်းပရာ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်းနှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကမ္ဗည်းတိုင်နှင့် ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းအခမ်းအနား၊ ပဉ္ဇမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲများသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်းစက်ဘီးစီးနှင်းပွဲ၊ ဂတ်ရှန်ယန်ကျေးရွာတည်ထောင်ခြင်း နှစ်(၅၀)ပြည့် ကျောက်စိမ်းကျောက်စာကဗ္ဗည်းတိုင်နှင့် ရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့ နံနက် ၇ နာရီက စတင်ကျင်းပပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း (စနစ်ဟောင်း) နောက်ဆုံးနှစ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၆၂၈)ဦးနှင့်တွေ့ဆုံပြီး အားပေးစကားပြောကြား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အ.ထ.က(၂)ပညာ့ဗိမာန်ခန်းမတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း(စနစ်ဟောင်း) နောက်ဆုံးနှစ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၆၂၈)ဦးအား  ဘာသာရပ်အလိုက် ဆရာ၊ ဆရာမ(၉)ဦးက ယနေ့နံနက် (၉)နာရီတွင် ပို့ချသင်ကြားပေးခဲ့သည်။

လဲချားမြို့နယ်တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စားပွဲတင် တင်းနစ်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီ အချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

မိုင်းရယ်မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျပ် ၂၃၂ ဒသမ ၂၀ သန်း ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ စီမံကိန်းကျေးရွာများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ ဝါးခယ်မမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ ရွှေခယ်သီရိခန်းမသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်ရာ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား၊ ကျောင်းသူ (၁၀၀၇)ဦး၊ စုစုပေါင်းအင်အား(၁၀၈၇)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ရခိုင်ရိုးရာကျင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရသေ့တောင်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ရခိုင်ရိုးရာကျင်ပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ(၂)နာရီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ စေတီတောင်ရင်ပြင်ကျင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ စိတ်ဓာတ်မြှင့်တင်ရေး တွေ့ဆုံ အားပေး‌ခြင်းနှင့် အာဟာရများ ကျွေးမွေးခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြင်းခြံခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အခမ်းအနားမှူး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။
Subscribe to