တောင်သာ ဖေဖော်ဝါရီလ ၁၂
တောင်သာမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ရိုးရာခြင်းလေးပေါက်တန်း အမှတ်ပေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီ အချိန်ကစ၍ မြို့နယ်အားကစားကွင်း၌ ကျင်းပလျက်ရှိကြောင်း သိရသည်၊၊
အဆိုပါ ရိုးရာခြင်းလေးပေါက်တန်းအမှတ်ပေးပြိုင်ပွဲကို ချမ်းမြေ့အသင်း၊ ရွှေမဟာအသင်း၊ ပြည့်ပြည့်အသင်း၊ ဧဝရတ်အသင်း(၄)သင်း ပတ်လည်ဖြင့် ယှဉ်ပြိုင်လျက်ရှိကြပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲမှာလည်း အုပ်စုပတ်လည်(၁၂)သင်းဖြင့် ပါဝင်ယှဉ်ပြိုင်ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီး၌ ဆုရရှိသူများအား ပြည်ထောင်စုနေ့တွင် မြို့နယ်အားကစားကွင်း၌ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးဝဏ္ဏထွန်း ပြောပြချက်အရ သိရသည်၊၊
ကျော်မျိုးနိုင်(တောင်သာ)