သရက်မြို့၌ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားရေး ရက်တိုသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လက်ထောက်မူလတန်းပြ ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်းရတုခန်းမတွင် ကျင်းပခဲ့သည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မွန်းလွဲ ၃ နာရီခန့်က  ဘားအံဂေါက်ကလပ်၌ ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၄ရပ်ကွက်၊ ယုဇနဥယျာဉ်မြို့တော် (A.B.C)Blockရှိ အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံး၌ ယနေ့နံနက်(၉)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ ဆိုင်းဘုတ်တင်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

နမ့်ဆန်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့် တိုက်စနစ်ဖြင့် စာအုပ်များငှာရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံကိန်းရုံး၊ ပညာရေးမှူးရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

အမ်းမြို့နယ် မူလတန်းကြိုကျောင်း မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲ နှင့် အားကစားပြိုင်ပွဲများကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ် (၃) စျေးရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမ်းမူလတန်းကြိုကျောင်း၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို မူကြိုကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားရေး အတွက် အဆိုပါကျာင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့ အမှတ် (၂) အ.ထ.ကတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တွေ့ကြုံရမည့် အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များကို နားလည်သိရှိနိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ လိုက်နာဆောင်ရွက်တတ်စေရန်အတွက် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

(၂၄) ကြိမ်မြောက် လုဒ်မယ်တော်သခင်မပွဲတော် ဖိတ်ခေါ်အားကစားပြိင်ပွဲများ ဆုချီးမြှင့်ပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တောင်ငူကတ်သလစ်သာသနာ၊ လိပ်သိုတိုက်နယ်မှ ဦးစီးကျင်းပသော (၂၄) ကြိမ်မြောက် ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော် ဖိတ်ခေါ်ဘောလီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပဒေသာကပွဲများအား ကြည့်ရှုအားပေး

 ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဒေသာကပွဲများအား ကြည့်ရှုအားပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား/ ကာကော်မတီဥက္ကဋ္ဌဖလား ဌာနဆိုင်ရာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီး​မြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အား / ကာကော်မတီဥက္ကဋ္ဌဖလားဌာနဆိုင်ရာ  ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်၉နာရီက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
Subscribe to