လောက်ကိုင် ဖေဖော်ဝါရီ ၁၂
ကျောင်းသားလူငယ်များအား အသိပညာ တိုးတက်လာစေရန်၊ စာပေအပေါ် လေးစားတန်ဖိုးထား တတ်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိရှိလာစေရန်၊ လူ့ဘောင်အဖွဲ့အစည်းတွင် ရင်းနှီးချစ်ခင်စွာ ပြောဆိုတတ်လာစေရန်၊ ကျောင်းသားလူငယ်အချင်းချင်း အသိပညာ အတတ်ပညာများ ဖလှယ်တတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ် မြင့်မားလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လည် (၁)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လူငယ်စကားဝိုင်းတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း Grade 9 မှ ကျောင်းသား /ကျောင်းသူကလေးများက ပြည်ထောင်စုနေ့အကြောင်းနှင့် စနစ်သစ်ပညာရေးအကြောင်းတို့ကို မေးမြန်းဆွေးနွေးသူက မေးမြန်းပြီး ပြန်လည်ဖြေကြားဆွေးနွေးသူက ဆွေးနွေးခဲ့ကြကာ တက်ရောက် လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းမှုများအား ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ ယင်းနောက်အခမ်း အနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြမြဝင်းနှင့် ဝန်ထမ်းများသည် ကျောင်းသားလူငယ်များကို စာအုပ်/စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား အသိပညာပေး အခမဲ့ ဖြန့်ဝေခဲ့ပြီး အချိုရည်နှင့် မုန့်များကိုလည်း အခမဲ့ ဝေငှပေးခဲ့ကြကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)