နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို  ယနေ့မွန်းလွဲ(၁)နာရီတွင် အဆိုပါလမ်းသစ်၌ ကျင်းပသည်။ 

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ Green City ၊ Clean City ၊ Smart City ဖြစ်စေရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နေပြည်တော်ကောင်စီ၏ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခွဲဝေရရှိသော ဘဏ္ဍာငွေများကို မြို့နယ်များအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ခွဲဝေချထားပေးခဲ့ ပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်အား ဒေသခံပြည်သူများ ရာသီမရွေး စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန်အတွက် ပြည်သူလူထုအနေဖြင့်လည်း ရေရှည် အသုံးပြုနိုင်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြပါရန် ပြောကြား သည်။

ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်းသစ်အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ITN Company Limitedမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးမျိုးမင်းထွန်းနှင့် ရပ်ဖရပ်ဖကိုယ်စား ဦးဆက်အောင်နိုင်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ITN Company Limitedမှ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းထွန်းက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်ထံ ပေးအပ်သည်။

ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ ဝန်ထမ်းအိမ်ရာအဝင် ကွန်ကရစ်လမ်းသစ်မှာ လမ်းအရှည်(၄၆၀၀)ပေ၊ အကျယ်(၂၄)ပေ၊ (၈)လက်မထု ကွန်ကရစ်လမ်း၊  ကွန်ကရစ်လမ်းဝဲ၊ယာ ကျောက်စီရေမြောင်း (၇၆၀၀)ပေနှင့် ရေပြွန်(၄)စင်း ပါဝင်ပြီး တန်ဖိုးငွေကျပ်(၁၀၃၄)သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် Golden Dragon Naypyitaw Co;Ltd ၊ ITN Co;Ltd ၊ G99 Co;Ltd ၊ ဆန်းသစ်သွေး Co;Ltd ၊ AB Co;Ltd ၊ Lan Thit Hetin Co;Ltd စသည့် ကုမ္ပဏီ(၆)ခုတို့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)