တွံတေးမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့်အမျိုးသား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

တွံတေး ဖေဖော်ဝါရီ ၁၂

ရန်ကုန်တိုငိးဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အထက်တန်းအဆင့် အမျိုးသားပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်()နာရီက တွံတေးမြို့နယ် ဗိုလ်မှူးအောင်ဆန်းသူရိယအေးချို မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဗိုလ်လုပွဲကို ..က()အသင်းနှင့် ..က(ခွဲ) တပ်မတော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ..က()အသင်းက အ..က(ခွဲ)တပ်မတော်အသင်းကို ၂ ပွဲပြတ်ဖြင့်အနိုင်ရရှိကာ ..က()အသင်းက ပထမဆု၊ အ..က(ခွဲ) တပ်မတော်အသင်းက ဒုတိယဆု၊အ..က(ကံဘဲ့)အသင်းက တတိယဆုရရှိခဲ့ပြီး တတိယဆုရရှိသော ..က(ကံဘဲ့) အသင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်စိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့်ဆုကြေးငွေ (၅၀၀၀၀)ကျပ်ကို လည်းကောင်း၊ ဒုတိယဆုရရှိသော အ..က တပ်မတော်အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင်()ဗိုလ်မှူး သုတအောင်ကဆုတံဆိပ်နှင့် ဆုကြေးငွေ (၇၅၀၀၀) ကျပ်ကို လည်းကောင်း၊ ပထမဆုရရှိသော အ..က()အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးခင်မောင်မြင့်က ဆုတံဆိပ်နှင့်ဆုကြေးငွေ (၁၀၀၀၀၀) ကျပ် အားလည်းကောင်း အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

တွံတေးသား