ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား  အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသား (အလွတ်တန်း)ပိုက်ကျော်ခြင်း ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က ကမာကဆစ်ရပ်ကွက်ရှိ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နေ့နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် မြိတ်ခရိုင် ဖိတ်ခေါ်အသက်(၂၀)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဗိုလ်လုပွဲကျင်းပ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြိတ်ခရိုင် ဖိတ်ခေါ်အသက်(၂၀)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ခရိုင်အားကစားခန်းမတွင် ယမန်နေ့ ညနေပိုင်းကကျင်းပခဲ့ရာ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီး၌ ကုသိုလ်ယူ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ

ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်လျက်ရှိသည့် မြောင်းမြမြို့၊ ရွှေဗုဒ္ဓေါစေတီတော်မြတ်ကြီးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ဂေါပကအဖွဲ့ထံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပြီး တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများ၏ စေတီတော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ကာမိုင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်‌ ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်‌သော ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် ကာမိုင်းမြို့တွင် ပန်းချီပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကျိန္တလီမြို့၌ စာရေးဆရာမောင်မင်းစိုး၏ “လူငယ်နဲ့အပြောင်းအလဲ” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ရေကြည်မြို့နယ်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက် ဂိုဒေါင်လမ်းကတ္တရာ ထပ်ပိုးလွှာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လာသီရိအားကစားကွင်း၌ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တ‌လာသီရိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံတင်အခမ်းအနားအား နံနက်(၄:၂၀)တွင် စတင်ကျင်းပခဲ့ရာ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးအားအလေးပြုခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို အလံတင်အလေးပြုခြင်း၊ ကျဆုံးသွားသည့် တပ်ဖွဲ့၀င်များအား အလေးပြုခြင်းတို့ကို ကျင်းပပြုလုပ်ခဲ့သည်။

မြိတ်မြို့ ရေပုန်းရပ်ကွက်ရှိ "သင့်အတွက်" စာကြည့်တိုက် တိုက်ခန်းအသစ်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ရေပုန်းရပ်ကွက် ကုန်းမြင့်သာယာတိုက်ခန်းရှိ “သင့်အတွက်” စာကြည့်တိုက် တိုက်ခန်းအသစ်ကို ယနေ့နံနက်ပိုင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဖေဖော်ဝါရီလ (၁၂)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထန်ပါခွေမြို့ရုံး ဝန်ထမ်းများမှ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
Subscribe to