(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့ကျရောက်သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း/ဒေသ အသီးသီးတို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းများ  ဆောင်ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖတ်ကြားကြသည်။

အဆိုပါအခမ်းအနားများကို ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်မြို့၊ မိုးညှင်းမြို့၊ ပူတာအိုမြို့၊ မိုးကောင်းမြို့၊ မချမ်းဘော့မြို့၊ ဝိုင်းမော်မြို့၊ မံစီမြို့၊ ရွှေကူမြို့၊ ဖားကန့်မြို့တို့တွင်လည်းကောင်း၊ ကယားပြည်နယ်အတွင်းရှိ ဖားဆောင်းမြို့၊ လွိုင်ကော်မြို့၊ မယ်စဲ့မြို့တွင်လည်းကောင်း၊ ကရင်ပြည်နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ သံတောင်ကြီးမြို့၊ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ လှိုင်းဘွဲမြို့တို့တွင်လည်းကောင်း၊ ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့၊ ဖလမ်းမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့တို့တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ကိုင်းမြို့၊ ကန့်ဘလူမြို့၊  တမူးမြို့၊ မြင်းမူမြို့၊ ဟုမ္မလင်းမြို့၊ မော်လိုက်မြို့၊ ကနီမြို့၊ ကလေးမြို့၊ ကသာမြို့၊ ထီးချိုင့်မြို့၊  ခန္တီးမြို့၊ ဆားလင်းကြီးမြို့၊ ယင်းမာပင်မြို့၊ ကလေးဝမြို့၊ နန်းယွန်းမြို့တို့တွင် လည်းကောင်း၊   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သရက်ချောင်းမြို့၊ တနင်္သာရီမြို့၊  လောင်းလုံးမြို့၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ပုလောမြို့၊ ကော့သောင်းမြို့၊  ဘုတ်ပြင်းမြို့တို့တွင် လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြို့၊ ပန်းတောင်းမြို့၊ ပေါက်ခေါင်းမြို့၊ ကျောက်တံခါးမြို့၊ သဲကုန်းမြို့၊ မိုးညိုမြို့၊ ပေါင်းတည်မြို့၊ အုတ်ဖိုမြို့၊ သာယာဝတီမြို့၊ လက်ပံတန်းမြို့၊ နတ်တလင်းမြို့၊ ရွှေကျင်မြို့၊ ရွှေတောင်မြို့၊ ဒိုက်ဦးမြို့၊ ကြို့ပင်ကောက်၊ ပြည်မြို့၊ ကျောက်ကြီးမြို့၊ ရေတာရှည်မြို့၊ ဖြူးမြို့၊ သနပ်ပင်မြို့၊ ထန်းတပင်မြို့၊ အုတ်တွင်းမြို့၊ တောင်ငူမြို့၊ ညောင်လေးပင်မြို့၊ ကဝမြို့တို့တွင် လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆင်ပေါင်ဝဲမြို့၊ သရက်မြို့၊  နတ်မောက်မြို့၊ ဆိပ်ဖြူမြို့၊ မင်းဘူးမြို့၊ အောင်လံမြို့၊ စလင်းမြို့၊ ရေစကြိုမြို့၊ ငဖဲမြို့၊ ဂန့်ဂေါမြို့၊ မကွေးမြို့၊ ရေနံချောင်းမြို့၊ ချောက်မြို့၊ ပွင့်ဖြူမြို့၊ ပခုက္ကူမြို့၊ မြို့သစ်မြို့၊ မင်းတုန်းမြို့၊ ကံမမြို့၊ မြိုင်မြို့တို့တွင် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့၊ ပြင်ဦးလွင်မြို့၊ မြင်းခြံမြို့၊ ကျောက်ပန်းတောင်းမြို့၊ ဝမ်းတွင်းမြို့၊ တံတားဦးမြို့၊ ကျောက်ဆည်မြို့၊ ပုသိမ်ကြီးမြို့၊ အမရပူရမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့၊ ရမည်းသင်းမြို့၊ ငါန်းဇွန်မြို့၊ မိတ္ထီလာမြို့၊ မိုးကုတ်မြို့၊ မလှိုင်မြို့၊ စဉ့်ကူးမြို့၊ မတ္တရာမြို့၊ သာစည်မြို့တို့တွင် လည်းကောင်း၊ မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့၊ ဘီးလင်းမြို့၊ ကျိုက်ထိုမြို့၊ ပေါင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့တို့တွင်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်မြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့၊  ပုဏ္ဏားကျွန်းမြို့၊ ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ မြေပုံမြို့၊ ကျောက်တော်မြို့၊ မာန်အောင်မြို့၊ မြောက်ဦးမြို့၊ ပေါက်တော၊ အမ်းမြို့၊ ဂွမြို့၊ တောင်ကုတ်မြို့တို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တာမွေမြို့၊ မင်္ဂလာတောင်ညွန့်၊ လှည်းကူးမြို့၊ တွံတေးမြို့၊ ခရမ်းမြို့၊ သန်လျင်မြို့၊ ဒလမြို့၊  မရမ်းကုန်းမြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ ရန်ကင်းမြို့၊ ရွှေပြည်သာ၊ လမ်းမတော်မြို့၊ တိုက်ကြီးမြို့၊ ကမာရွတ်မြို့၊ ဆိပ်ကြီးခနောင်တိုမြို့၊ စမ်းချောင်းမြို့၊ သုံးခွမြို့၊ ကျောက်တံတားမြို့၊ အင်းစိန်မြို့၊ ပုဇွန်တောင်မြို့၊ သာကေတမြို့၊ ကော့မှူးမြို့၊ ဒဂုံမြို့၊ ဗိုလ်တထောင်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ တောင်ဥက္ကလာပမြို့၊ မြောက်ဥက္ကလာပမြို့၊ ဗဟန်းမြို့၊ ကျောက်တန်းမြို့၊ ပန်းဘဲတန်းမြို့၊ ကြည့်မြင်တိုင်မြို့တို့တွင် လည်းကောင်း၊  ရှမ်းပြည်နယ်အတွင်းရှိ မက်မန်းမြို့၊ ပင်းတယမြို့၊ ရပ်စောက်မြို့၊ နမ္မတူမြို့၊ ညောင်ရွှေမြို့၊ မိုင်းယောင်းမြို့၊ မိုင်းခတ်မြို့၊  ဆီဆိုင်မြို့၊ မိုင်းပျဉ်းမြို့၊ မဘိမ်းမြို့၊ မိုင်းဆတ်မြို့၊ လွိုင်လင်မြို့၊ မိုးမိတ်မြို့၊ မိုင်းယန်းမြို့၊ ကျောက်မဲမြို့၊ မိုင်းကိုင်မြို့၊ လဲချားမြို့၊ နမ့်စန်မြို့၊ မိုင်းရှူးမြို့၊ ကျိုင်းတုံမြို့၊ မောက်မယ်မြို့၊ မိုင်းဖြတ်မြို့၊ မိုင်းရယ်မြို့၊ တန့်ယန်းမြို့၊ ကလောမြို့၊ နမ့်ဆန်မြို့၊ ဟိုပုံးမြို့၊ ကွမ်းလုံမြို့၊ ပင်လောင်းမြို့၊ နမ္မတူမြို့၊ တာချီလိတ်မြို့၊ နောင်ချိုမြို့၊ မိုးနဲမြို့၊ သန္နီမြို့၊ လွယ်ဂျယ်မြို့၊ ဟိုပန်မြို့၊ လောက်ကိုင်မြို့၊ မိုင်းတုံမြို့၊ မူဆယ်မြို့၊ သီပေါမြို့၊ လင်းခေးမြို့တို့တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အိမ်မဲမြို့၊ မော်လမြိုင်ကျွန်းမြို့၊ ဝါးခယ်မမြို့၊ မအူပင်မြို့၊ ကျိုက်လတ်မြို့၊ ဓနုဖြူ၊ ဘိုကလေးမြို့၊ ဖျာပုံမြို့၊ ကြံခင်းမြို့၊ ညောင်တုန်းမြို့၊ ဇလွန်မြို့၊ အင်္ဂပူမြို့၊ ဒေးဒရဲမြို့၊ ကျုံပျော်မြို့၊ သာပေါင်းမြို့၊ ငပုတောမြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့၊ ဟင်္သာတမြို့၊ မြောင်းမြမြို့၊ ပန်းတနော်မြို့ တို့တွင်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  ဇေယျာသီရိမြို့၊ ဥတ္တရသီရိမြို့၊ ပုဗ္ဗသီရိမြို့၊ ပျဉ်းမနားမြို့၊ လယ်ဝေးမြို့၊ ဒဏ္ခိဏသီရိမြို့၊ ဇမ္ဗူသီရိမြို့တို့တွင်လည်းကောင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားများတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သည့် ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။