ကျောက်ဆည်မြို့နယ် တံတားလည်ရပ်ကွက်မှ သံပုယိုစိုက်ပျိုးသူများ အဆင်ပြေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ကိုင်း၊ ကျွန်းမြေများတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် တံတားလည်ရပ်ကွက်မှ သံပုယိုစိုက်ပျိုးသူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သံပုယိုခြံ စိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရသည်။