သံဖြူဇရပ် ဖေဖော်ဝါရီ ၁၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ၊ သံဖြူဇရပ် မြို့နယ်၌ မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ တုန့်ပြန်ရေးဆိုင်ရာ (Table-Top Exercise) ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြား သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ကျော်ထွေးက မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်စီမံထားရမည့် အချက်များအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသက်ထွန်းဦး၊ မြို့မရဲစခန်းမှ ရဲမှူးမိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းတို့မှ ကဏ္ဍအလိုက် တင်ပြဆွေးနွေးရာ တာဝန်ရှိသူမှလည်း မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်စီမံထားရမည့် အကြောင်းအရာများကို အားလုံးမှပူးပေါင်း ဆောင်ရွက်ကြစေရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)