မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် ရွှေတောင်မြို့ မူလတန်းကြိုကျောင်း ကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ မှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ကလေးသူငယ်များအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ကို ကျင်းပပြုလုပ်ခဲ့သည်။