မင်းတုန်း ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအရေအတွက်၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်ဦးရေ လိုအပ်ချက်များ ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ခံများက မဲရုံအဖွဲ့ဝင်အတွက် ထုတ်နုတ်ပေးနိုင်မည့် ဝန်ထမ်းဦးရေအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)