တံတားဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲများဖြေဆို

တံတားဦးခရိုင် တံတားဦးမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ  ကျောင်းသား၊ကျောင်းသူများ  ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို  ယနေ့နံနက်(၉)နာရီက မိမိတို့ကျောင်းများအလိုက် အေးချမ်းစွာ ဆက်လက်‌ဖြေဆိုလျက်ရှ ကြောင်းသိရသည် ။

မိုင်းခုတ်မြို့၌ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးမှု တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာ၌ နမ့်လုံးချောင်းရေလွှဲဆည်ရေထိန်းတံခါးနှင့် တူးမြောင်းရေသောက်စနစ်တည်ဆောက်နေမှု ရာနှုန်းပြည့်တည်ဆောက်ပြီးဖြစ်ရာ ဖေဖော်ဝါရီ ၁၂ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့်မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အသက်ငါးနှစ်အောက် ကလေးငယ်များအား သန်ချဆေးများ တိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းတွင်းစစ် စာမေးပွဲ စတင်ဖြေဆို

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အခြေခံပညာကျောင်းများ၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အတန်းအလိုက် ကျောင်းတွင်းစစ်စာမေးပွဲကို  ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ကျွန်းစုမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကပကျေးရွာအုပ်စု၊ အ.လ.က ကဒဲကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရယ်၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အသုံးစရိတ်များပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ဇန်နဝါရီလကမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများအတွက် အသုံးစရိတ်များပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မော်လမြိုင်ခရိုင်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်‌နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တံတားဦးမြို့နယ်တွင် ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စီးပွားဖြစ်စိုက်ပျိုးသူများ အပိုဝင်ငွေရရှိ

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် အများပြည်သူများ နေ့စဉ်စားသုံးသည့် သီးနှံများအနက် ဆောင်းရာသီ၌ စိုက်ပျိုးသော သီးနှံပင်များဖြစ်သည့် အိမ်ရှင်မများ ချက်ပြုတ်ကြ‌သော မုန်ညင်းပင် ၊ ငရုတ် ၊ ဂေါ်ဖီထုပ် ၊ ပန်းမုန်လာ ၊ ခရမ်းသီးပင်နှင့် ကန်စွန်းရွက် ပင်များကို တံတားဦးမြို့နယ် ဇီးပင်ကွေ့ကျေးရွာရှိ တောင်သူများက စီးပွားဖြစ် စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်း၍ အထွက်ကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစု အပိုဝင်များ ရရှိကြောင်း သိရသည် ။

ဆောင်းသီးနှံကုလားပဲများ စတင်ရိတ်သိမ်းနေပြီး စျေးကောင်းရရှိ

စစ်ကိုင်းတိုင်းဒသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၌ ဆောင်းသီးနှံ ပဲမျိုးစုံကို ၃၉၄၈၈ ဧက စိုက်ပျိုးထားပြီး ကုလားပဲသီးနှံအား ၂၉၄၁၄ ဧက စိုက်ပျိုးထားကြောင်း၊ ယခုအခါ ဆောင်းသီးနှံ ကုလားပဲများ စတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရနေကြောင်း သိရသည်။

ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile libraryစနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်‌စေရန်အတွက် မြို့နယ်စင်ပင်သာယာရေးအဖွဲ့ရုံးနှင့် မြန်မာ့စာတိုက်လုပ်ငန်းရုံးများသို့သွားရောက်၍ Mobile library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to