ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင်  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ဆောင်းကုလားပဲသီးနှံများကို ခြွေလှစ်စက်ဖြင့် အစေ့ထုတ်

နတ်မောက်မြို့နယ်တွင် ကျွဲ၊ နွားစာနှံစားပြောင်း၊ နေကြာနှင့် ကုလားပဲသီးနှံများစိုက်ပျိုးထားရှိရာ နှံစားပြောင်းများ၊ ကုလားပဲသီးနှံများကို ရိတ်သိမ်းကြပြီး ခြွေလှေ့လျက်ရှိကြောင်း သိရသည်။

​ပေါက်တောမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်းတိုက်ကျွေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ​ပေါက်တောမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ်ပိုင်းမှစတင်၍  မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပရဟိတ အသင်း အဖွဲ့များ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ကွင်းဆင်း တိုက်ကျွေးလျက်ရှိကြောင်း​ သိရသည်။

ငဖဲမြို့နယ်တွင် နွေနှမ်းသီးနှံနှင့် ဆောင်းသီးနှံစိုက်ပျိုးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ပေါင်းကလေးကျေးရွာအုပ်စု၊ အောင်ပင်လယ်ကျေးရွာနှင့် ဇီးတောကျေးရွာအုပ်စု ရှောက်ဝကျေးရွာတို့မှ ဒေသခံတောင်သူများ မြေအောက်ရေဖြင့် ရေတင်စိုက်ပျိုးနေသည့် နွေနှမ်းသီးနှံနှင့် ဆောင်းသီးနှံများဖြစ်သည့် နေကြာသီးနှံ (ဆောင်း)၊ ကုလားပဲ၊ မတ်ပဲနှင့် မြေပဲ စသည့်သီးနှံများ စိုက်ပျိုးဆောင်ရွက်နေမှုအား ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းလပ်မြို့၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "အားတင်းထား" စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တရုတ်စုအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တို့ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြာပွဲဆောင်ရွက်ခဲ့သည်။

ချောက်​မြို့တွင် သဘာဝ​ဘေးအန္တရာယ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

မ​ကွေး​တိုင်း​ဒေသကြီး၊​​ ချောက်ခရိုင်၊​ ချောက်မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့မွန်းလွဲ ၃နာရီအချိန်က ကျင်းပခဲ့သည်။

မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၅၁)ဦးအား လူမှုရေးပင်စင်ထောက်ပံ့

ရှမ်းပြည်နယ်၊(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၅၅)ဦးအား ယမန်နေ့နံနက်ပိုင်းက လူမှုရေးပင်စင် ထောက်ပံ့ ပေးခဲ့သည်။

မဘိမ်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အစုအဖွဲ့များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေကျပ် ၅၉ ဒသမ ၃ သန်း ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အစုအဖွဲ့များသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Subscribe to