မော်လမြိုင်ကျွန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူတစ်ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ ယုဇနကျေးရွာ၌ ဖေဖော်ဝါရီလ (၆) ရက်နေ့ကဖြစ်ပွားခဲ့သော မြစ်ကမ်းဘေးပိုက်ဘဝင်းပိတ်နေစဉ် ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် သေဆုံးသူတစ်ဦးအတွက် ကယ်ဆယ်ရေးထောက်ပံ့ငွေပေးအပ်ခြင်းအား ယနေ့နံနက် ၁၂ နာရီအချိန်က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သေဆုံးသူမိသားစုလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် တိုင်းရင်ဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် တိုင်းရင်ဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်က ဆောင်ရွက်သည်။

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲကျင်းပ

(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအား ယမန်နေ့ ညပိုင်းကပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းတွင် ပျော်ပွဲရွင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကလေးများနေ့အထိမ်းအမှတ် မူလတန်းအဆင့်ဘောလုံးလက်ဆင့်ကမ်း ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် မူလတန်းအဆင့် ဘောလုံးလက်ဆင့်ကမ်းပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နေ့လယ် ၁ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွက်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ(၂)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဆည်မူလတန်းကြိုကျောင်းတို့ပူးပေါင်းပြီး မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဒေသာကပွဲ(ဒုတိယည) ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ ညပိုင်းတွင် ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ ကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဒေသာကပွဲ (ဒုတိယည) ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to