ကျောက်ဆည် ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ကိုင်း၊ ကျွန်းမြေများတွင် ဟင်းသီးဟင်းရွက်နှင့် သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်းနှင့် တံတားလည်ရပ်ကွက်မှ သံပုယိုစိုက်ပျိုးသူများ ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သံပုယိုခြံ စိုက်ပျိုးသူ တစ်ဦးထံမှ သိရှိရသည်။
သံပုယိုစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ ပျိုးပင်တစ်နှစ်သက်သံပယိုပင် တစ်ပင်အားငွေ ငါးရာကျပ်ဖြင့်ဝယ်ကာ အပင်တစ်ရာ စိုက်ပျိုးထားပြီး အပင်သုံးနှစ်သား အရွယ်တွင် ရောင်းတန်းဝင် သံပုယိုသီးများ စတင်ခူးခွတ်ရောင်းရကြောင်း စတင်ခူးဆွတ်ချိန်တွင် တစ်ကြိမ်ဆွတ်ခူးပါက အသီး(၅၀၀)ခန့် ခူးဆွတ်၍ရကြောင်း အပင်သက်တမ်းကြီးလာသည်နှင့်အမျှ အသီးများတိုး၍ပိုပြီး ခူးဆွတ်ရကြောင်း၊ လေဝင်လေထွက်ကောင်းပြီး အသီးများကြီးထားသန့်ရှင်းရေး တစ်ပင်နဲ့တစ်ပင် (၁၈)ပေ ခြားပြီး အတန်းလိုက် စိုက်ပျိုးသင့်ကြောင်း၊ ပေါင်းမြက်ရှင်းပေးခြင်းများလည်းဆောင်ရွက်ရပြီး ရေကြိုက်နှစ်သက်သဖြင့် အစိုဓာတ်မပြတ် ရေသွင်း ပေးရကာ လိုအပ်တဲ့အချိန်များတွင် မြေဩဇာကျွေးပေးခြင်းနှင့် မလိုအပ်သည့်ကိုင်းများ ခုတ်ထွင်ရှင်းပေးခြင်းဖြင့် အပင်များ ကောင်းစွာဖြစ်ထွန်းပြီး အသီးသီးနှုန်းလည်း ပိုမိုများပြားလာကြောင်း သံပုယိုခြံပိုင်ရှင် ဦးအောင်သင်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် သံပုယိုပင်များကို ကိုင်းကျွန်းမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများဆုံး စိုက်ပျိုးကြပြီး နေ့စဉ်ဝင်ငွေ ရရှိရေး ခြံပိုင်ရှိများက မိမိတို့စိုက်ပျိုးထားသော သံပုယိုခြံ၏ အသီးသီးနှုန်းအပေါ် မူတည်ကာ ခူးဆွတ်ရောင်းချလျက်ရှိရာ အသီးအရွယ် အစားအလိုက် အသီးတစ်လုံးကို (၁၆)ကျပ်မှ(၂၁)ကျပ်အထိ ရောင်းချရကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)