ကျောက်တံခါး ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာ မူလတန်း(လွန်)(ဇရပ်ခင်)ကျောင်းတွင် ယမန်နေ့က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်လွင်က ကျောင်းသူလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အကျင့် စာရိတ္တကောင်းမွန်စေရန်၊ ရည်မှန်းချက်များထားရှိတတ်ကြစေရန်၊ ကျန်းမာရေးအတွက် ကိုယ် လက်လှုပ်ရှား အားကစားများပြုလုပ်ဆောင်ရွက်နိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုသိရှိပြီး ရှောင်ကျဉ်ကြရန်စသည့်ဖြင့် အမှာစကား ပြောကြား ခဲ့သည်။
ဟောပြောပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန နည်းစနစ်မှူး ဒေါ်မိုးသူဇာက အားကစားသိပ္ပံအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က မူးယစ်ဆေးတွေအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့ကြပြီးနောက် အားကစားပစ္စည်းများအား ထေက်ပံ့ပေး အပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့ကို ပြသထားသည့် နံရံစာစောင်ကို ကြည့်ရှု့ လေ့လာကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)