နောင်ချိုမြို့နယ်တွင် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းတွင်းစစ်စာမေးပွဲစတင်ဖြေဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းတွင်းစစ်စာမေးပွဲကို တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ယနေ့ နံနက် ၉နာရီအချိန်မှစတင်ဖြေဆိုလျက်ရှိရာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတွင်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများ သီးနှံဖြစ်ထွန်းအောင်မြင်ပြီး ရောင်းချချိန်တွင် ဈေးကောင်းရရှိ

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဆောင်းသီးနှံမတ်ပဲစိုက်တောင်သူများအနေဖြင့် ယခုနှစ်သီးနှံများအောင်မြင်ဖြစ်ထွန်းပြီး မတ်ပဲပေါ်ချိန်ဈေးကွက်သို့ ရောင်းချရာတွင် ယခင်နှစ်ကထက်ဈေးနှုန်းပိုမိုရရှိကြောင်း ဒေသခံမတ်ပဲစိုက်တောင်သူများထံမှ သိရသည်။

“လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး”  Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်က “လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

သိန္နီမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေပေးအပ်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တပ်ဆင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နေ ဒေသခံပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများတပ်ဆင်ခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိ  လူသွားလူလာများသည့်နေရာများ၌ တပ်ဆင်ဆောင်ရွက်သည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre)ခန်းမတွင် စာရေးဆရာ ခင်ဘုန်း‌စောရေးသားသည့် "စိတ်ချမ်းသာတယ်" စာအုပ်  စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများရရှိစေရန်နှင့် စာပေမှရရှိသောဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီအချိန်က စာရေးဆရာ ခင်ဘုန်းစော ရေးသားသည့် "  စိတ်ချမ်းသာတယ် "စာအုပ်အားစာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့၌ စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မား‌စေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ် မီးသတ်ဦးစီးဌာနရုံးများသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက သွားရောက် ငှားရမ်းပေးခဲ့သည်။

ဟုမ္မလင်း၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တရိစ္ဆာန်မွေးမြူရေး ကျင့်စဉ်သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မွေးမြူရေးနှင့် ကုသရေးစီးဌာနမှ တရိစ္ဆာန်မွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီ အချိန်တွင် ဟုမ္မလင်းမြို့၊ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများတွေ့ဆုံ

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပျော်ဘွယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကိုယနေ့ နံနက်(၉)နာရီခွဲက ရန်အောင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to