မိုင်းပန် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု၊ နောင်လုံအင်းနယ်နိမိတ်ဧရိယာအား ရေရှည်ထိန်းသိမ်းသွားနိုင်ရေးအတွက် အင်းနယ်နိမိတ် မြေတိုင်းမှတ်တိုင်များ စိုက်ထူပြီးစီးမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်းမြင့်၊ မိုင်းပန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်နှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးတင်ကိုလတ်တို့မှ နောင်လုံအင်း နယ်နိမိတ် မြေတိုင်းမှတ်တိုင်များ စိုက်ထူပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး အင်းမြေနယ်နိမိတ်အား မြေတိုင်းမှတ်တိုင်များစိုက်ထူခြင်းဖြင့် အင်းနယ်နိမိတ် ဧရိယာအား ရေရှည်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးတင်ကိုလတ်ထံမှ သိရသည်။
နော်မှိုင်း(ပြန်/ဆက်)