ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဒေသခံ ပြည်သူများတွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ရမည်းသင်း မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင် သည့်အဖွဲ့နှင့်မြို့ပေါ်ရပ်ကွက်ကြီး(၅)ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက်(၉)နာရီက ဝါတိုးရပ်ကွက်အတွင်းရှိ သီလဝခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လိုက်လံထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးအမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိသည်။

မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရရှိမှုအခြေအနေများအား ဆွေးနွေး

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသအတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံမှုရှိစေရေး ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးထုတ်လုပ်မှုကုန်ကျစရိတ်နှင့် ဈေးကွက်ရရှိမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြင်းခြံမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

ရေဖြူမြို့နယ်တွင် ဓနိဖက်တံစိပ် လုပ်ကိုင်သူများ ယခင်နှစ်ကထက် ဝင်ငွေပိုရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် သဘာဝရာသီဥတု၊ ရေခံမြေခံကောင်းသဖြင့် ဝါးအများဆုံးပေါက်ရောက်ပြီး ဒေသထွက်ဝါးဖြင့် ဖက်တံစိပ်ကာ ရောင်းချကြသူများ ယခင်နှစ်ကထက် ဖက်တံဈေးပိုရကြောင်း သိရသည်။

ဒလမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းကို ယမန်နေ့က ဒလမြို့ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

မြိတ်မြို့၌ လုပ်ငန်းခွင် ထိခိုက်သေဆုံးသူ အလုပ်သမား (၃)ဦး၏ မိသားစုအား လူမှုဖူလုံရေးရုံးမှ ငွေလုံးငွေရင်း အကျိုးခံစားခွင့် စုစုပေါင်းကျပ်သိန်း(၁၅၀)ကျော် ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုဖူလုံရေးရုံးနှင့် အကျုံးဝင် မှတ်ပုံတင်ထားသော Vantage ငါးအမှုန့်ကြိတ်စက်ရုံမှ အာမခံအလုပ်သမား(၃)ဦး လုပ်ငန်းခွင် ထိခိုက်သေဆုံးမှု အတွက် ငွေလုံးငွေရင်း အကျိုးခံစားခွင့်များကို ၄င်းတို့၏ မိသားစုဝင်များအား မြိတ်ခရိုင် လူမှုဖူလုံရေးရုံးမှ ယနေ့နေ့လယ်(၂) နာရီက Vantage ငါးအမှုန့်ကြိတ်စက်ရုံတွင် ပေးအပ်ခဲ့သည်။

ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်ထိ ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးတိုက်ကျွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်ထိ ကလေးများအား အားဆေးနှင့်သန်ချဆေးတိုက်ကျွေးခြင်းကို ဖေဖော်ဝါရီ (၁၃)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဆေးရုံတွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟုသုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁) နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့၌ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက် ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to