မက်မန်းမြို့နယ်တွင် ထောပတ်သီးတစ်ပိုင်တစ်နိုင် ်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မက်မန်း ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရန်အတွက် နှစ်စဉ်စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ မက်မန်းမြို့နယ်တွင် ထောပတ်သီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် ထောပတ်သီးစိုက်ပျိုးခြင်းကို ဦးသက်နိုင်မိသားစုသည် ထောပတ်ပင်များကို (၃.၈)ဧကစိုက်ပျိုးထားခဲ့ရာ နှစ်စဉ်ထောပတ်သီရောင်းချမှုမှ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။ “စိုက်ပျိုးချိန်တွင် ထောပတ်သီး ပျိုးပေါက် တစ်ပင်လျှင် ငွေကျပ်တစ်ထောင်နှုန်းဖြင့် စိုက်ပျိုးရပြီး အပင်ရေ (၄၀၀) ကျော်စိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးပြီးချိန်မှစတင်၍ လေးနှစ်အတွင်း အသီးများစတင်သီးကြောင်း၊ ထောင်ပတ် သီးတစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ ရောင်းချရကြောင်း၊ ယမန်နှစ်ကစတင်၍ အသီးများဆွတ်ခူး ရောင်းချရကြောင်း၊ ထောပတ်သီး ရောင်းချရငွေ ကျပ်(၇)သိန်းအထိရောင်းချခဲ့ရကြောင်း၊ ထောပတ်ပင်များသည် နှစ်ရှည်ပင်များဖြစ်သည့်အတွက် နှစ်စဉ်မိသားစုအတွက် အပိုဝင်ငွေရရှိကြောင်း၊ မက်မန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ထောပတ်ပင်များစိုက်ပျိုးထားခြင်းဖြင့် နှစ်စဉ်မိသားစုအပိုဝင်ကို ရမည်ဖြစ်၍ စိုက်ပျိုးသင့်ပါ ကြောင်း ပြောကြားခဲ့သည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)