ကော့ကရိတ်မြို့၌ မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းပုံများပြသ

ကော့ကရိတ် ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင်ကျရောက်မည့် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်မှတ်တမ်းပုံများနှင့် အကြောင်းအရာများကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး‌‌ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ စုစုပေါင်းမှတ်တမ်းဓာတ်ပုံ(၂၀)ပုံပါဝင်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)