မိုးကုတ်မြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး (Talk Show ) ဆွေးနွေးပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် (၁၀၈) နှစ်မြောက် မြန်မာနိုင်ငံကလေးများနေ့အကြောင်း အသိပညာပေး (Talk Show )‌ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သိန္နီမြို့နယ်တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိသာ သီးနှံစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုခြင်းများအဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးဆောင်ရွက်လျက်ရှိသော ဆီထွက်သီးနှံနေကြာနှင့် အခြားသီးနှံများ စိုက်ပျိုးထားသည့် စိုက်ခင်းများသို့ ကွင်းဆင်း စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

တွံတေး၌ မွေးစမှ(၅)နှစ်အထိ မကျန်းမာသောကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွမ်းမံသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မွေးစမှ(၅)နှစ်အထိ မကျန်းမာသောကလေးအား ပေါင်းစည်းကုသခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ယမန်နေ့နံနက်၉နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့ရှိ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနရှိ (Community Centre)ခန်းမတွင် စာရေးဆရာ‌ ဒေါက်တာခင်မောင်ညို၏ "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ကို ယနေ့နံနက် ၁ဝနာရီ ၃၀ အချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် (ICRC)မှ ကျောက်ကြီးမြို့ရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသွားသူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် ယ‌နေ့ နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)ရုံး၌ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့မှ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသွားသူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေးမြေစိုက်နံရံကပ်စာစောင်ပြသဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှားသံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် အသိပညာပေး မြေစိုက်နံရံကပ်စာစောင် ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျောက်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား မြို့နယ်ပေါင်းစုံအမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွှန်းလွဲ ၃ နာရီအချိန်က ကျောက်မဲခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

နမ့်ခမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်(၉) နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ကျင်းပကြောင်း သိရသည်။
Subscribe to