သတင်းများ

ငပုတောမြို့၌ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ သက္ကာယ်ချောင်းကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံပြီး သက္ကာယ်ချောင်း-အုန်းပင်စု လမ်းပခုံးမြေသား ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှု့
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူသည် သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက သက္ကယ်ချောင်းကျေးရွာရှိ တောင်သူများအား ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း တက်လာပြီး တစ်ပိဿာ ၃၃၀၀ ကျပ် ရောင်းချနေရ
Aug 31,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီ ဈေးနှုန်း ၃၃၀၀ ကျပ် ဖြစ်နေကာ ကြက်သွန်ဈေးနှုန်း တက်လာခြင်းကြောင့် ကြက်သွန်နီစိုက် တောင်သူများ ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ် ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန် ကြိုတင်ကာကွယ် ရေဝိတ်လျှော့ချခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး
Aug 31,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မော်ဝမ်းကြီးမှော်ရှိ ကျောက်စိမ်းတောင်ကုမ္ပဏီလုပ်ကွက် ကျင်းဟောင်းရေကန်ကို ဩဂုတ်လ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က ထပ်မံ၍ ရေစီးကြောင်းဖောက်ချခဲ့ပြီး ယမန်နေ့ မွန်းလွဲ ၁ နာရီအထိ ၇ ပေခန့် လျှော့ကျသွားခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့ ဘုရားကြီးရပ်ကွက်၊ ရာကျော်လမ်းကတ္တရာလမ်း အဆင့်မြင့်တင်ခြင်း ရာနှုန်းပြည့်ပြီးစီး
Aug 31,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
လှည်းကူးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ရဲမွန်ကျေးရွာ ခေတ်မီစံပြကျေးရွာဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပပြုလုပ်
Aug 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ရဲမွန်ခေတ်မီစံပြကျေးရွာ (smart village)တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ က ရဲမွန်- ကညင်ကုန်း ကုန်ထုတ်လမ်းဘေးဝဲ၊ ယာတွင် ဆောင်ရွက်ခဲ့သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားတက်ရောက်
Aug 31,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်တွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၉ နာရီက တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတက်ရောက်
Aug 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ​ငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။