သတင်းများ

မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များ၏ ပင်စင်လစာငွေကို လစဉ်လတိုင်း စဉ်ဆက်မပျက်ထုတ်ပေး
Aug 31,2023
နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေကို အမြို့မြို့အနယ်နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်များမှ လစဉ်လတိုင်း စဉ်ဆက်မပျက် ထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းရှင်များ များပြားပြီး နိုင်ငံဝန်ထမ်း (အငြိမ်းစား) များ နည်းပါးသော်လည်း ပင်စင်လစာငွေများကို လစဉ် (၂၀) ရက်နေ့မှစ၍ နောက်လဆန်းပိုင်းအထိ မြန်မာ့စီးပွားရေးဘဏ်မှ မပျက်မကွက် ထုတ်ပေးလျက် ရှိပါသည်။
ဖလမ်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 31,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းသားလူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတတိုးပွားရေးရည်ရွယ်လျက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၃၀ ရက်၊ နံနက် ၀၉း၄၅ နာရီမှ ၁၁း၀၀ နာရီအထိ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဘိုကလေးမြို့နယ်ရှိ ရပ်ကွက်များအတွင်း ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူဆောင်ရွက်ပေးနေ
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံး အနေဖြင့် ယခုနှစ် ဇွန်လမှစတင်ကာ မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာ ကျောင်းများမှ ဝန်ထမ်းများ၊ သင်တန်းသား/သူများ၊ ကျောင်းသား/သူများအား ဇီဝဆိုင်ရာ အချက်အလက်များ (Biometric Data) ကောက်ယူ ဆောင်ရွက်ပေးခဲ့ပြီး ယခုလက်ရှိအချိန်တွင် မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်လက်ကွင်းဆင်းကာ ပြည်သူများအား ရပ်ကွက်အလိုက် ကောက်ယူဆောင်ရွက်ပေးလျက်ရှိသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကျင်းပ
Aug 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံတူပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ထားဝယ်မြို့တွင် ကျင်းပ
Aug 31,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ ပန်းကံ့ကော်ရနံ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပသည်။
ချောင်းဦးမြို့နယ်၌ မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေသြဇာအိတ်များ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ၊ သဘာဝပိုး တားဆေးပြုလုပ်သုံးစွဲနည်းပြသ
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဥ်ဖြင့် မိုးစပါးစိုက် တောင်သူများအား သက်သာ သော စျေးနှုန်းနှင့် ယူရီးယား ဓာတ်မြေသြဇာအိတ်များ ရောင်းချပေးခြင်း အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက်ရောက်ရှိ
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ယမန်နေ့နေ့လယ် ၁၂ နာရီခွဲ အချိန် တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာသို့ရောက်ရှိနေပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအချို့တို့၌ ရေများဝင်ရောက်လျက်ရှိရာ မြင့်ရေဝင်ရောက်မှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ အမက(၁) မူလွန်ကျောင်း၊ အမက(၂) မူလွန်ကျောင်းနှင့် ပိုးစာကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တို့မှာ ယာယီပိတ်ထားကြောင်းသိရသည်။
ဒဂုံတက္ကသိုလ်တွင် ဥပဒေဆိုင်ရာဟောပြောပွဲ ကျင်းပ
Aug 31,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဒဂုံတက္ကသိုလ်၊ ဥပဒေဌာနမှ ကြီးမှူးကျင်းပသော ဥပဒေဆိုင်ရာ ဟောပြောပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည်။