သတင်းများ

သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွန်လွတ်ဈေးတွင် ဝက်၊ ကြက်ဥ၊ ကြက်သွန်ဖြူ/နီနှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေး
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာတို့မှ ဝက်၊ ကြက်သွန်ဖြူ/နီ၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေးတွင် ဩဂုတ်လ ၂၉ ရက်နေ့၊ နံနက် ၇ နာရီ အချိန်က ရောင်းချပေးခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင့်လွင် ရေနံချောင်းမြို့နယ်၊ ကံကြီးကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 31,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဩဂုတ်လ (၂၉) ရက်နေ့ နံနက် (၁၀) နာရီခန့်က ရေနံချောင်းမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ကံကြီးကျေးရွာရှိ တောင်သူ ဦးလူမုန်း၏ ကွင်းအမှတ် (၁၂၇) တွင် ဆိုလာစနစ်ဖြင့် မြေအောက်ရေစုပ်ယူ၍ အစက်ချရေသွင်းစနစ် (Drip Irrigation System) အသုံးပြုသည့် ချည်မျှင်ရှည်ဝါ မျိုးအမည် B-31 စပ်မျိုးဝါ (၁.၅၀) ဧက စိုက်ပျိုးထားရှိပြီး အပင်သက်တမ်း (၅၁) ရက်သာရှိပြီဖြစ်သော ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက်ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မအူပင်မြို့နယ် ကျွဲသောင်ကျေးရွာတွင် မြစ်ကမ်းပြိုကျမှုဖြစ်ပွား
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ယမန်နေ့နံနက်(၁၁)နာရီက အလျား(၃၀၀)ပေ၊ အနံ(၅၀)ပေခန့်မြစ်ကမ်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုအန္တရာယ်နှင့် နီးကပ်သည့်နေအိမ်(၈)လုံး ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည်။
ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ ပြုလုပ်
Aug 31,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈လမ်းx ၁၀၅လမ်းဒေါင့်ရှိ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်၀၈:၃၀ နာရီက ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။ 
ရွှေကူမြို့၌ မြို့နယ်အဆင့် ဘာသာရပ်များအလိုက် သင်ထောက်ကူ တီထွင်ဖန်တီးမှု ပြပွဲ၊ ပြိုင်ပွဲကျင်းပ
Aug 31,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ မြို့နယ်အဆင့် ဘာသာရပ်များအလိုက် သင်ထောက်ကူတီထွင်ဖန်တီးမှု ပြပွဲ၊ ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွား လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ​ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
ကရင်ပြည်နယ်အတွင်းရှိ လူငယ်ဖွံ့ဖြိုးရေးဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် စုစုပေါင်း ငွေကျပ် ၁၆၃ သန်းကျော် ထောက်ပံ့
Aug 31,2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကရင်ပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်ဖွံ့ဖြိုးရေး မရဟိတဂေဟာများအတွက် ထောက်ပံ့ကြေးနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
တမူးမြို့အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို သြဂုတ်လ(၂၉) ရက်နေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကဘော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။