သတင်းများ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မင်းဘူးမြို့၌ RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ဆောက်လုပ်သွားမည်
Aug 31,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဘာသာရေးဆိုင်ရာပွဲအခမ်းအနားများကို မြို့လယ်တွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် လဟယ်မြို့၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
Aug 31,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များလိုက်ပါလျက်  သြဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သို့ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ခေါက်ဆွဲခြောက်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား (MCCT) ထောက်ပံ့ငွေပေးအပ်ခြင်း၊ ပရဟိတဂေဟာများ၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်
Aug 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးသူငယ်များအား (MCCT) ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ ပရဟိတဂေဟာများနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ (၂၉) ရက်နေ့ နံနက် (၉)နာရီ ၃၀ မိနစ်အချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
မှော်ဘီမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ အားကွင်းဆင်းစစ်ဆေး
Aug 31,2023
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ထိန်စွန်းကျေးရွာ၊ ဘိုးဒေါနကုန်းကျေးရွာနှင့် ဝါးဖြူတောကျေးရွာ သုံးရွာတို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရရှိငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကာ ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုလ်အဆင့် ပါဝင်ယှဥ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွှေဧရာအောင်ခန်းမတွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုလ်အဆင့် ပါဝင်ယှဥ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်ခြင်းနှင့်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ် ၂၉ ရက်နေ့ နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့သည်။
သံဖြူဇရပ်မြို့နယ်၌ (၂၄) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 31,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ (၂၄)ကြိမ်မြောက် တိုင်းရင်းသားတို့၏ ​မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်​ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်၊ တံတားဦးကျေးရွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများပြီးစီးမှုနှင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးချဲ့မွေးမြူလိုသည့် မွေးမြူရေးခြံများသို့ ကွင်းဆင်းစစ်ဆေး
Aug 31,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် နေပြည်တော်ကောင်စီ၊ ညွှန်ကြားရေးမှူး ဦးသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ၂၉ရက်နေ့ နံနက်၁၀နာရီခွဲက လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ခဲ့သည့် တံတားဦးကျေးရွာသို့ သွားရောက်၍ လေဘေးကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းအဆောက်အဦး ပြန်လည်ပြုပြင်ပြီးစီးမှု၊ သိမ်ပြန်လည်ဆောက်လုပ်ပြီးစီးမှု၊ ခြံစည်ရိုးနှင့်ယာယီဆေးပေးခန်းဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်ရေး တာဝန်ရှိသူများအား လမ်းညွန်မှာကြားခဲ့သည်။
ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်ရေးနှင့် မြို့နယ်အတွင်းမှ ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် အဆိုပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေး ကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။