ငပုတောမြို့၌ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ သက္ကာယ်ချောင်းကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံပြီး သက္ကာယ်ချောင်း-အုန်းပင်စု လမ်းပခုံးမြေသား ပြုပြင်နေမှုအား ကွင်းဆင်းကြည့်ရှု့

ငပုတော သြဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူသည် သြဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းက သက္ကယ်ချောင်းကျေးရွာရှိ တောင်သူများအား ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူကမိုးစပါး တစ်ဧကလျင် (၁၀)တင်းနှုန်းတိုးထွက်စေရေးအတွက်လိုအပ်သည့် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို စနစ်တကျသုံးစွဲကြရန်လိုကြောင်း၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုအပ်သောအဟာရဓာတ်များ ရရှိစေရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးရန်လိုကြောင်း၊ လာမည့်နွေရာသီတွင် နွေစပါးစိုက်ဧကများ ကိုတိုးချဲ့စိုက်ပျိုးရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ရေတိုက်စားမှူကြောင့် ပြိုကျခဲ့သည့် လမ်းပခုံးမြေသား ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှု့စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)