သတင်းများ

မြဝတီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 31,2023
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဩဂုတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပခဲ့သည်။
မြင်းခြံမြို့ အ.ထ.က(၁)ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Aug 31,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထက(၁) ကျောင်း၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁) နာရီက အဆိုပါကျောင်း ဧရာဝတီခန်းမတွင် ပြုလုပ်ခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြန်အောင်ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့် ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှမ်းရွာသစ်မြို့ အ.မ.က ကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်
Aug 31,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဌာနှင့်ကျေးလက်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ကျန်းမာရေးအသိရှိစေရန်၊ ကျန်းမာကြံ့ခိုင်သန်စွမ်းသော လူငယ်လေးများဖြစ်စေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလှုပ်ရှားမှုများ ပြုလုပ်ဆောင်ရွက်
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်များတွင် ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုကို ဩဂုတ်လ (၁၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ ရက်သတ္တပတ်အဖြစ်သတ်မှတ်၍ လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင်ပတ်သက်၍  ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတက်ရောက်
Aug 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံ​ငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်းကို ဩဂုတ်လ၂၉ရက်နေ့ မွန်းလွဲပိုင်းက  ဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား ထောက်ပံ့ငွေများပေးအပ်
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းတွင် ကျောင်းသား / ကျောင်းသူများအား ထောက်ပံ့ငွေများအား ဩဂုတ် ၂၉ရက် နေ့လယ်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသထွက် တောင်ပေါ်သခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးရရှိ
Aug 31,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ တောင်ယာခင်းများတွင် သခွားသီးများကို ကြားညှပ်သီးနှံအဖြစ် စိုက်ပျိုးလေ့ရှိပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။