သတင်းများ

ကျိုက်လတ်မြို့နယ် ပဆင-ဂွေးချောင်းကြီးကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဆူးကဏန်းကျေးရွာအုပ်စု၊ ပဆင-ဂွေးချောင်းကြီး ကျေးရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်း ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲသို့တက်ရောက်
Aug 31,2023
ပန်းခင်းစီမံချက်အဆင့် (၂) ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ (၂၉) ရက်နေ့ မွန်းလွဲ (၂) နာရီအချိန်က လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 31,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက မအူပင်မြို့တိုးရွှေဝါခန်းမတွင် ကျင်းပသည်။
မိုးညှင်းမြို့၌ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေအဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့် ဆေးဝါးကု‌‌သပေးခြင်းများ ဆောင်ရွက်
Aug 31,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ အဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲက စစ်မှုထမ်းဟောင်းအဖွဲ့ရုံးခန်းမ၌ ကျင်းပသည်။
ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက် ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက် အနော်ရထာလမ်းအား ကွန်ကရစ်လမ်းနှင့် Box Culvert အဆင့်မြှင့်တင် ဆောင်ရွက်
Aug 31,2023
အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ စည်ပင်သာယာရေးအဖွဲ့က လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာလက်ရှိတွင် မြို့သစ်ရပ်ကွက်၊ အနော်ရထာလမ်းအား ကွန်ကရစ်လမ်းနှင့် Box Culvert အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နယ်စပ်ဒေသ၊ မုံးကိုးမြို့တွင် တိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Aug 31,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်နှင့် အသင်းတော်အခြေပြု ပညာရေးသာသနာဂေဟာအဖွဲ့မှ ကြီးမှူး‌၍ နိုင်ငံသားစိစစ်ရေးသက်သေခံကတ်ပြားများ ဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မုံးကိုးမြို့၊ အမှတ် (၄) ရပ်ကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ငါးသယံဇာတဖူလုံစေရန် မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမျိုးစိတ်များ စိုက်ထည့်
Aug 31,2023
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်နှင့် ငါးသယံဇာတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၈နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည် ရပ်ကွက်အနီး မုန်းချောင်းသဘာဝရေပြင်အတွင်း ငါးမြစ်ချင်း ငါးမျိုးစိတ်ကောင်ရေ ၁၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပန်းတောင်းတပ်နယ်မှူး ဗိုလ်ချုပ်မျိုးတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေဆုံပွဲ ကျင်းပ
Aug 31,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပန်းတောင်းတပ်နယ်မှူးဗိုလ်ချုပ်မျိုးတင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၇:၀၀) အချိန်က ကျင်းပကြောင်း သိရသည်။