သတင်းများ

ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပ
Aug 31,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ဩဂုတ်လ၂၉ရက်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့သည်။
ပြည်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးအပ်ပွဲ
Aug 31,2023
ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့၊ မှော်ဇာအုပ်စု တောင်လုံးညိုကျေးရွာဓမ္မရုံ၌ ဩဂုတ်လ ၂၉ နေ့ နံနက် ၁၀ နာရီက ပန်းခင်းစီမံချက် အဆင့်(၂) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ကျင်းပပြုလုပ်သည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Aug 31,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ဩဂုတ်၂၉ရက်နေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိ မြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့်ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာတို့ကို သွားရောက်ငှားရမ်းပေးကြသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အသေးစား၊ အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အောင်သံဆန်ကာလုပ်ငန်းသို့ သွားရောက်မေးမြန်း
Aug 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် အသေးစား၊ အငယ်စား အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အမှတ်(၃၄)ရပ်ကွက် စီးပွားဖွံ့ဖြိုးတိုးတက်မှုဇုန်၊ ဦးဝိစာရလမ်း၊ အေ-(၄၀)ရှိ‌ အောင်သံဆန်ကာထုတ်လုပ်‌ရေးလုပ်ငန်းမှ ဦးမြင့်ဇော်စိုး အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သွားရောက်မေးမြန်းခဲ့ရာ ယခုကဲ့သို့‌ ဖြေကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Aug 30,2023
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကလေးသူငယ်မှုခင်းများ၊ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက် သွားစေရေး ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီခွဲက ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မအူချောင်းအတွင်းသို့ ငါးသားဖောက်ကောင်ရေ (၈)သိန်းငါးမျိုးစိုက်ထည့်
Aug 30,2023
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန် ငါးလုပ်ငန်းစခန်းမှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မအူချောင်းအတွင်းသို့ ငါးသားဖောက်ကောင်ရေ (၈)သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့​ဆေးရုံ၌ စု​ပေါင်းသန့်ရှင်း​ရေး​ပြုလုပ်
Aug 30,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် တပ်မ​တော်သားများ၊ ဌာနဆိုင်ရာများ၊ လူမှု​ရေးအသင်းအဖွဲ့များ ပူး​ပေါင်း​ဆောင်ရွက်သည့် စု​ပေါင်းသန့်ရှင်း​ရေးကို သြဂုတ်လ၃၀ရက်​နေ့ နံနက်ပိုင်းက  မြို့နယ်ပြည်သူ့​ဆေးရုံ၌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရေး ဆွေးနွေး
Aug 30,2023
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ခရိုင်အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ (၂၉)ရက်နေ့၊ မွန်လွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။