သတင်းများ

ဘုတ်ပြင်းမြို့၌ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား (Biometric Data)  ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းဆောင်ရွက်
Aug 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းကို  ဩဂုတ်လ  ၃၀  ရက်နေ့မှစတင်၍ ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု  အ.ထ.က(တောင်ဒဂုံ)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ရေဖြူမြို့နယ်ရှိ ဘုန်း‌တော်ကြီးကျောင်းများ၌ ဝါ‌ခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) တွင် အလှူဒါနပြုလုပ်ခြင်း၊  ဥပုသ်သီလဆောက်တည်သူများနှင့် စည်ကား
Aug 31,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဘုန်းတော်ကြီးကျောင်းများတွင်  ဝါ‌ခေါင်လပြည့်နေ့(မေတ္တာအခါတော်နေ)၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊  အလှူဒါနပြုလုပ်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းများကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သူများနှင့်စည်ကားလျက်ရှိသည်။
လိပ်သိုမြို့တွင် ထောပတ်သီးပင်များ ပွင့်သီးမှုအားကောင်းသော်လည်း ပိုးမွှားကျရောက်မှုများနေ
Aug 31,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိသားစုစားသုံးရန်၊ လက်ဆောင်ပေးရန်၊ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိရန်အတွက် မိမိတို့နေအိမ်ခြံဝန်းများ အတွင်းတွင် တစ်နိုင်တစ်ပိုင်နှင့် ဥယျာဉ်ခြံကြီးများတွင် စိုက်ပျိုးထားသည့် ထောပတ်ပင်များတွင် ပိုးမွှားကျရောက်များနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
မြင်းခြံမြို့ မင်းကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်မည့် ရတနာမဟာဗောဓိ စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်ပွဲ အခမ်းအနားပြုလုပ်
Aug 31,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မင်းကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်မည့် ရတနာမဟာဗောဓိစေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီ အချိန်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကရင်တိုင်းရင်းသားများစုံညီစွာ ကျင်းပ
Aug 31,2023
ကရင်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ပွဲတော်ကို နေရာဒေသ အသီးသီးရှိ ကရင်တိုင်းရင်းသားလူမျိုးတို့သည် ဝါခေါင်လရောက်တိုင်းနှစ်စဉ် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပလေ့ရှိကြရာ ယနေ့နံနက် ၈ နာရီခွဲက ကရင်ပြည်နယ်၊မြဝတီမြို့
ကော့သောင်းမြို့တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း အသိပညာပေးရှင်းလင်း
Aug 31,2023
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာအမှတ်တံဆိပ် (အခွန်အမှတ်) တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် အခွန်ဦးစီးဌာနရုံး၌ပြုလုပ်သည်။
အမ်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 31,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက ၊ အရေး၊ အတီး ပြိုင်ပွဲ(ခရိုင်အဆင့်) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် အမ်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် တက်ရောက်
Aug 31,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသား/သူများနှင့်အတူ ဩဂုတ်(၃၁)ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။