လှည်းကူး ဩဂုတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ရဲမွန်ခေတ်မီစံပြကျေးရွာ (smart village)တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ က ရဲမွန်- ကညင်ကုန်း ကုန်ထုတ်လမ်းဘေးဝဲ၊ ယာတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဒေသနေပြည်သူများတို့က မန်ဂျန်ရှားပျိုးပင် (၂၅၀) တို့အား စိုက်ပျိုးခဲ့သည်။
ထို့နောက် ရဲမွန် (smart village) ကျေးရွာ ဆိုင်းဘုတ်တင်ပွဲကို ဆက်လက်ကျင်းပရာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများတို့က ရဲမွန်ကျေးရွာ ခေတ်မီစံပြကျေးရွာဆိုင်းဘုတ် တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)