သင်္ဃန်းကျွန်း ဩဂုတ် ၃၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်း ရေးသားသည့် “ဖိုးဖိုးအောင်၏မေတ္တာစာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာမ ဧပရယ်"ဖိုးဖိုးအောင်၏မေတ္တာစာ" ဝတ္ထုတိုအား ဖတ်ပြဆွေးနွေးခဲ့ရာ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ "ပတ်ဝန်းကျင်နှင့်အပေါင်းအသင်း"၊ "ဘဝတိုးတက်ချင်ရင်" စသည့် စာစုများအား ဖတ်ပြကာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ မိမိတို့ကြုံတွေ့နေရသည့် အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)