မြို့သစ် ဩဂုတ် ၃၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၂၃ဒဿမ၇၅) ကျပ်သန်းဖြင့် မြို့သစ်မြို့ဘုရားကြီးရပ်ကွက်၊ ရာကျော်လမ်းကတ္တရာခင်းခြင်းကို ဇူလိုင်လအတွင်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ကျမတို့ကလယ်ပြင်ရပ်ကွက်ကပါ၊ (အ.ထ.က-၁)မှာ ကျောင်းတက်နေတာပါ၊ လယ်ပြင်ရပ်ပုလဲလမ်းက မြို့ဦးလမ်းမကြီးကိုဖြတ်ပြီး (ရာကျော်လမ်း) အတိုင်းသွားရတာ လမ်းပြသုံးပကျော်ရင် ကျောင်းရောက်ပြီ၊ ကျောင်းအသွားအပြန် အဆင်ပြေပါတယ်” ဟု အ.ထ.က-၁/ G-10 ကျောင်းသူတစ်ဦးက ပြောသည်။
အဆိုပါ လမ်းသည်အရှည်ပေ (၉၅၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၉) လက်မရှိပြီး ရာကျော်လမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး မြို့သစ်မြို့စည်ပင်သာယာရေး အဖွဲ့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ရာ လုပ်ငန်းပြီးစီးပြီဖြစ်သဖြင့် မြို့ပြသာယာလှပပြီး အများပြည်သူတို့၏ လူနေမှုဘဝမြင့်မားကာသွားလာရေး ပိုမိုအဆင်ပြေလာ နိုင်မှာဖြစ်ကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)