သတင်းများ

ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြာင့် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းအား မြစ်ကမ်းနှင့် ဝေးရာသို့ ပြောင်းရွှေ့
Sep 08,2023
ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာတွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးတဖြည်းဖြည်းပြိုကျမှု ဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်တွင် ငှက်ပျောတောကျေးရွာရှိ မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းမှာ ဧရာဝတီမြစ်ကမ်းနှင့် ပေ(၅၀) ခန့်သာ ကွာဝေးတော့သဖြင့် မင်္ဂလာရန်အောင် ဘုန်းကြီးကျောင်းအား မြစ်ကမ်းနှင့် ဝေးရာ ဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ ထိန်ပင်ကွင်း ကျေးရွာရှိ ကွင်းအမှတ် ၁၃၈၇(ခ)သို့ ရွှေ့ပြောင်းလျက်ရှိသည်။
နောင်ချိုမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်
Sep 08,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေ၊ အခြေခံပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 08,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် စာအုပ်စာစောင်များ လေ့လာဖတ်ရှုတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များဖလှယ်၍ ဆွေးနွေးတတ်စေရန်အတွက် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်တွင် ယမန်နေ့ည မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနှိမ့်ပိုင်းရှိ နေအိမ်အချို့ရေများဝင်ရောက်
Sep 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်များအတွင်းမြေနှိမ့်ပိုင်းရှိ နေအိမ်များအချို့ ရေများဝင်ရောက်ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြော
Sep 08,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ အချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာမြင့်မိုရ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ၌ ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပထမအကြိမ် သင်တန်းဆင်းပွဲ ပြုလုပ်
Sep 08,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ သီခေါင်ကျေးရွာအုပ်စု လက်ပံပင်ကျေးရွာတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဝင်ငွေတိုးရေးဆောင်ရွက်မည့် ထောပတ်သီးအခြေခံတန်ဖိုးမြှင့်ထုတ်ကုန် ပထမအကြိမ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လက်ပံပင်ကျေးရွာ SMU ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စကုမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ
Sep 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းပြီး ယနေ့ခေတ် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာလိုက်နာစေရန်အတွက် ရှောင်တစ်ခင်စစ်ဆေးခြင်းကို ယနေ့နနံနက်ပိုင်းက ငန်းစပ်ကျေးရွာ၊ပျဥ်းမနား-တောင်ညို ကားလမ်းမကြီး ၁၃/၄ ဖာလုံအနီးတွင် ဆောင်ရွက်ခဲ့သည်။