ဒေးဒရဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကုန်ပစ္စည်း များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များက စျေးနှုန်းမှန်ကန်စွာရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်ဦး ဦးဆောင်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်နှင့် မြို့မစျေးအတွင်းရှိ ကုန်ပစ္စည်း အရောင်းဆိုင် များတွင် ရောင်းချလျက်ရှိသော ဆန်၊ ဆီနှင့် အစားအသောက်ပစ္စည်းများ ကုန်စျေးနှုန်းမြင့်တက်ရောင်းချမှု မရှိစေရေး၊ ကုန်ပစ္စည်းများအား ပုံမှန် စျေးနှုန်းဖြင့် မှန်ကန်စွာ ရောင်းချစေရေး၊ ဆေးဝါးခွင့်ပြုချက်မရှိသော အစားအစာများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း