တနင်္သာရီ စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ဇဝဲကျေးရွာ အုပ်စု-ဇဝဲကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (နဝမ)အကြိမ်အဖြစ် ချေးငွေထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ဇဝဲကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၇၈)ဦးအား ငွေ(၂၇၁)သိန်းကျပ်၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူ(၁၆)ဦးအတွက်(၆၂)သိန်း၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ(၂၁)ဦးအား(၁၁၇)သိန်းကျပ်၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ (၅)ဦးအား (၁၃)သိန်းကျပ်နှင့် မီးလင်းရေးလုပ်ငန်းလုပ်ကိုင်သူ(၁)ဦးကို (၁၈)သိန်းကျပ် စုစုပေါင်းချေးငွေအောင် အသင်းသား/သူ(၁၂၁)ဦးအတွက် စုစုပေါင်းငွေ(၄၈၁)သိန်း ကျပ်ကိုလည်းကောင်း- အလားတူ ယင်းနေ့မွန်းလွဲပိုင်းအချိန် တမုတ်ချုန်းကျေးရွာအုပ်စု-ကျောက်မီး ကျောင်းကျေးရွာတွင်မြစိမ်းရောင်ကျေးရွာ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ(နဝမ)အကြိမ်အဖြစ် ချေးငွေထုတ်ချေးပေးရာ ၎င်းကျေးရွာမှ စိုက်ပျိုး ရေးလုပ်ငန်းလုပ်ကိုင်သူ (၂၈)ဦးအားငွေ (၁၆၃) သိန်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၄၉)ဦးအား(၂၆၃) သိန်းကျပ်နှင့် ရောင်းဝယ်ရေးလုပ်ကိုင်သူ (၈) ဦးအား(၈၅)သိန်းကျပ် စုစုပေါင်းချေးငွေအောင် အသင်းသား/သူ(၈၅)ဦးအတွက် ချေးငွေစုစုပေါင်း (၅၁၁)သိန်းကျပ်ကိုလည်းကောင်း၊ အဆိုပါ ဇဝဲကျေးရွာနှင့်ကျောက်မီး ကျောင်းရွာတို့မှတောင်သူ (၂၀၆)ဦးတို့အတွက် စုစုပေါင်းချေးငွေ (၉၉၂)သိန်းကျပ် ကို ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ချက်များ ဖြင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သက် ဆိုင်ရာကျေးရွာ ရန်ပုံငွေ ကော်မတီထံသို့ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမ ပျောက်မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပြီး ကျေးရွာအလိုက် တောင်သူများထံ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သူဇာမိုးထံကသိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)