တောင်သာမြို့နယ်တွင် Geophysical Survey တိုင်းတာခြင်းများ ဆောင်ရွက်
Sep 29,2023
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၁၇ အနက် ပန်းတိုင် ၆ အရ ၂၀၃၀ ပြည့်နှစ်တွင် လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး၊ စဉ်ဆက်မပြတ် စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေးအတွက် နှစ်စဉ်ရန်ပုံငွေအလိုက် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို လျာထားဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ လျာထားတင်ပြမည့် ကျေးရွာ ၆ ရွာတွင် မြေအောက်ရေ ရရှိနိုင်စွမ်း (Geophysical Survey) တိုင်းတာခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။