မအီမြို့၌ သံဃာတော်(၇၆)ပါးတို့အား ဥပုသ်နေ့ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ
Sep 29,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ဘုန်းတော်ကြီးကျောင်းများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်(၇၆)တို့အား အရုဏ်ဆွမ်းလောင်းလှူခြင်းကို ယနေ့ တော်သလင်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်က မအီမြို့အမှတ်(၃)ရပ်ကွက်၊ တောင်ကုတ်-မအီလမ်းမ၊ အရုဏ်ဆွမ်းလောင်းအသင်းတည်ရှိရာ၌ ကုသိုလ်ပြု လောင်းလှူခဲ့ကြောင်း သိရသည်။