ငဖဲ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုကြောင့် ဖြစ်ပေါ်သက်ရောက်လာနိုင်မှုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍမှ ကြိုတင်သိရှိဆောင်ရွက်ထားနိုင်ရန် ရက်သတ္တပတ်အထိမ်းအမှတ် အယ်နီညိုရာသီဉတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
အသိပညာပေးဟောပြောပွဲတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုး က အယ်လ်နီညိုကြောင့် ဖြစ်ပေါ်သက်ရောက်လာနိုင်မှုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍမှ ကြိုတင်သိရှိဆောင်ရွက်ထားနိုင်ရန် အသိပညာပေးဟောပြောပွဲကျင်းပပြုရခြင်း ဖြစ်ကြောင်း နှင့် ရာသီဉတုဖောက်ပြန်ခြင်း အယ်လ်နီညိုအကြောင်း သိကောင်းစရာများ၊ ကြိုတင် ပြင်ဆင်ရန်အချက်များ၊ အယ်လ်နီညိုကြောင့် မွေးမြူရေးလုပ်ငန်းတွင် သက်ရောက်လာနိုင်မှု နှင့် အယ်လ်နီညိုကြောင့် ရာသီဉတုပြောင်းလဲမှုဖြစ်စဉ်များကို တောင်သူများအား အသိပညာပေးဆွေးနွေး ပြောကြားသည်။
ဟောပြောပွဲအပြီးတွင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အယ်လ်နီ ညို အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ မြို့နယ်အတွင်းရှိ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများနှင့် မွေးမြူရေးတောင်သူများ စုစုပေါင်း (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)