သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်  (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲသို့ တက်ရောက်
Sep 30,2023
ကချင်ပြည်နယ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ဦးရေ (၁၄၆)ဦးတို့က ပြိုင်ပွဲအမျိုးအစား (၄၃)မျိုးဖြင့် (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်သီရိမင်္ဂလာကမ္ဘာအေးစေတီတော်တို့၌ တော်သလင်း လပြည့်နေ့အခမ်းအနားများကျင်းပ
Sep 30,2023
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်နေ့)ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ဘုရားစေတီများ၌ ဝါတွင်းဥပုသ်သီတင်းစောင့်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုလုပ်သူများနှင့် စည်ကားလျက်ရှိသည်၊၊
အလယ်တန်းအဆင့် Grade (9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အလယ်တန်းအဆင့် Grade(9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/ သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၂၈ရက်‌နေ့ နံနက် (၀၉း၀၀) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ (၁၃၅) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမြတ် မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ရိုးရာမပျက်ကျင်းပ
Sep 30,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ (၁၃၅) ကြိမ်မြောက် ရှင်ဥပဂုတ္တရဟန္တာမြတ် မီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ရိုးရာမပျက် ယမန်နေ့နံနက် (၆) နာရီအချိန်မှစတင်ပြီး ကျောက်ကြီးချောင်းဘေးရှိ ရှင်ဥပဂုတ္တရဟန္တာမြတ် ကိန်းဝပ်စံပယ်ရာ စံကျောင်းတော်နှင့် ကျောက်ကြီးချောင်းအတွင်း ကျင်းပလျှက်ရှိကြောင်း သိရသည်။
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပ
Sep 30,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကို စက်တင်ဘာ (၂၉) ရက် နံနက် (၁၀) နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့် ပြဿနာထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 30,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်းနှင့်  (Woman Club) တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်း ရေးသားသည့် “ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို စက်တင်ဘာ၂၈ရက်နေ့ နေ့လည်(၃)နာရီ အချိန်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ သီးနှံတာရှည်ခံနည်းပညာ လွှဲပြောင်းသင်တန်းဆင်းပွဲကျင်းပ
Sep 30,2023
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး သီးနှံတာရှည်ခံနည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာအသုံးပြုနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက အဆိုပါရုံး Incubation Centreတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အညာမြေ ရှားစောင်းလက်ပတ်ချက်ဆေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 30,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာ‌ရေးများလကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ၁နာရီအချိန်က မြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။