သတင်းများ

(၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီး အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 30,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ (၁၄၀)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အဆိုပါစေတီတော်မုဒ်ဦးအနီး လှေပြိုင်ပွဲဆုပေးပွဲမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်
Sep 30,2023
ကရင်ပြည်နယ်ကို မွေးဖွားသန့်စင်သောနေ့၊ ရာသီအချိန်အခါအရ ဆောင်းဦးကာလ သာယာသောအချိန် အခါသမယဖြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ကာ ၁၉၅၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင်(၆၈)နှစ်သို့ ရောက်ရှိတော့မည်ဖြစ်ရာ ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လားရှိုးမြို့ DENKO စက်သုံးဆီဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်၌ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသခံယူနေရသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများပေးအပ်
Sep 30,2023
လားရှိုးမြို့ DENKO စက်သုံးဆီဆိုင်တွင် စက်တင်ဘာလ ၂၇ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသည့် လူနာများကို ယမန်နေ့ညနေ ၃ နာရီအချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်၌ ဆောင်းမြေပဲ ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေး ဆွေးနွေးပွဲကျင်းပ
Sep 30,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ဆီထွက်သီးနှံဆောင်းမြေပဲ ပန်းတိုင် ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 30,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀)ကွင်း၌ ကျင်းပခဲ့သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Sep 30,2023
အသက် (၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်း ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထိုးနှံကြမည့် ကျောင်းသူလေးများ တက်ရောက်ကြသည်။
တောင်ဥက္ကလာပမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Sep 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉း၀၀)အချိန်က တောင်ဥက္ကလာမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ သုမင်္ဂလာလမ်းမပေါ်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရန်ကင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲ ပြုလုပ်
Sep 30,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ယမန်နေ့နံနက် (၉)နာရီ က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။