သတင်းများ

ဒေးဒရဲမြို့နယ်၌ ရဟန်း၊ သံဃာတော်များအား ဝါတွင်းကာလ အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များရှိ သာသနာ့နွယ်ဝင် ရဟန်း၊ သံဃာတော်များ ဆွမ်း၊ ဆွမ်းဟင်းများ ပြည့်စုံမျှတစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝါတွင်းကာလ လပြည့်၊ လကွယ်ဥပုသ် နေ့တိုင်း အရုဏ်ဆွမ်းဆက်ကပ် လောင်းလှူ ခြင်းကို ယနေ့ နံနက် (၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်း လောင်းလှူခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ စံပြကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Sep 29,2023
တံတားဦခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ စံပြကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်(၇) နာရီအချိန်က အဆိုပါကျေးရွာ၌ ကျင်းပကြောင်းသိရသည်။
ဆောင်းနေကြာနှင့် ပိုက်ဆံလျှော် မျိုးစေ့ထုတ်ရန် စီမံကိန်း တာဝန်ပေးအပ်ပွဲကျင်းပ
Sep 29,2023
လေးမျက်နှာမြို့နယ် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာနှင့် ပိုက်ဆံလျှော် မျိုးစေ့ ထုတ်လုပ်စိုက်ပျိုးရန် စီမံကိန်းတာဝန် ပေးအပ်ပွဲကို ယနေ့နံက် ၁၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကား ပြေကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစောဝင်းရွှေက ဆောင်းနေကြာ စိုက်ပျိုးရေးနှင့် ပိုက်ဆံလျှော် မျိုးစေ့ ထုတ်လုပ် စိုက်ပျိုးရန်တို့ကို ရှင်းလင်းပြောကြားသည်။
ဘိုကလေးမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ(၂၀၁၉) အသိပညာပေး ဟောပြောဆောင်ရွက်
Sep 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီခွဲအချိန်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ(၂၀၁၉) အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပဆောင်ရွက်သည်။
မင်းလှမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 29,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်ကပြုလုပ်ခဲ့သည်။
လွိုင်ကော်မြို့၌ ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 29,2023
ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား (၂၅) နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်နယ်ကရာတေးအားကစားရုံ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနည်းပြများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်အားပေးခဲ့ကြသည်။
ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲဓလေ့အား အစဥ်အလာမပျက်ပြုလုပ်
Sep 29,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ တော်သလင်းလပြည့်နေ့(ဂရုဓမ္မအခါတော်နေ့)တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင် တင်လှူပူဇော်ပွဲဓလေ့အား  အစဥ်အလာမပျက် ကျင်းပတင်လှူဒါန်းခဲ့ရာ ယနေ့နံနက်(၄)နာရီမှစတင်၍ ပေါင်မြို့နယ်၊ ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်နှင့် မြို့နယ်အတွင်းရှိဘုရားများနှင့် ဘုန်းတော်ကြီးကျောင်းများ၌  ဘုရားရှင်အားသင်္ဘောပေါ်၌ အသီးနှင့်လှူဖွယ်ပစ္စည်းအမျိုးအမည်တစ်ထောင်ကျော် တင်လှူပူဇော်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာ၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Sep 29,2023
မိတ္ထီလာမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။